Pages

Pages

မောင်တောမြို့နယ် မကျီးချောင်း(ချောင်းဝ)အနီး စက်လှေတစ်စီး ရေဝင်ရောက်ကာ နစ်မြုပ်မှုဖြစ်ပွားရာ လုံခြုံရေးပူးပေါင်းအဖွဲ့က ကယ်ဆယ်ခဲ့ကြောင်း သိရ




MNP ၊   မေ   ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်  မကျီးချောင်း(ချောင်းဝ)အနီး  မေ ၃၀ ရက်(၁၀:၄၀)အချိန် စက်လှေတစ်စီး ရေဝင်ရောက်ကာ နစ်မြုပ် ခဲ့ကြောင်းသိရသဖြင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  စက်လှေတစ်စီး မျောနေကြောင်းတွေ့ရှိရသဖြင့်  သွားရောက်စစ်ဆေးရာ လှိုင်းထက်စံ အမည်ရှိ ရညန/ရခ-၁၂၂၆ ၊ အလျား(၆၅)ပေ ၊အနံ(၁၇)ပေ ၊ ဇောက်(၆)ပေ ၊ အင်ဂျင် အမျိုး အစား(ဟီးနိုးအာတီ-၁၀) ၊ မြင်းကောင်ရေ(၅၀)ရှိ ကုန်ပစ္စည်း ပို့ဆောင်ရေး ရေယာဉ်ဖြစ်ပြီး စက်လှေပေါ်တွင် ပိုင်ရှင် ဦးအုန်းဖေ ပါ (၆)ဦးနှင့်  ဂျင်းအိတ်(၃၈၀၀)အိတ်တင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့်  မေးမြန်းရာ ဂျင်းအိတ်များ အား တောင်ကုတ်မြို့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ပို့ဆောင်ရန်  မိမိတို့ မြန်မာနိုင်ငံရေပိုင်နက် နတ်မြစ်အတိုင်း မောင်းနှင်းလာစဉ် လှိုင်းရိုက်သဖြင့် စက်လှေအောက်အလယ်ပိုင်းမှ  ပျဉ်ကွဲပြီး စက်လှေအတွင်း ရေတဖြေးဖြေး ဝင်ရောက် လာကာ စက်လှေဦးပိုင်းမှ နစ်မြုပ်နေသဖြင့်  ပိုင်ရှင် ဦးအုန်းဖေ ပါ (၆)ဦးအား ကူညီကယ်ဆယ်ပြီး နစ်မြုပ် စက်လှေအား ပြန်လည်ဆယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment