ပညာရေးဝန်ထမ်းများအား (မြို့နယ်အဆင့်) စီမံခန့်ခွဲမှုစွမ်းဆောင်ရည် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးဝန်ထမ်းများအား (မြို့နယ်အဆင့်) စီမံခန့်ခွဲမှုစွမ်းဆောင်ရည် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




MNP - မေ   ၁၉


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား (မြို့နယ်ဆင့်) စီမံခန့်ခွဲမှု စွမ်းဆောင်ရည်အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို မေလ ၁၉ ရက်နေ့ နံနက် (၉)နာရီက ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားသည်။


ဆက်လက်၍ ဒုမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က ပညာရေးမူဝါဒလမ်းညွှန်ချက်နှင့်အညီ ကမ္ဘာတစ်လွှား ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့်အညီ ဆောင်ရွက်ရမည့် မြန်မာ့ပညာရေး စနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆွေးနွေးပွဲကို မေလ ၁၉ ရက်မှ ၂၀ ရက်နေ့ထိ (၂)ရက်တာကျင်းပမည်ဖြစ်ရာ သင်တန်းနည်းပြဆရာ(၅)ဦးတို့မှ ဘဏ္ဍာရေးဆိုင်ရာပို့ချချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်းများ၊ လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှုစစ်ဆေးခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းလက်စွဲပါ စာအုပ်များအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာ/မ (၁၁၂)ဦး တက်ရောက် ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)