Pages

Pages

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေရေဂါလံ နှစ်သိန်းနှစ်သောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ်






MNP - မေ   ၃၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကန်နီကြီးတဲတိုက်နှင့်အုတ်လှေကျေးရွာသို့ မေ ၃၀ ရက် နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသောကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ကွမ်းကြီးတဲတိုက်အတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့် ကြက်ကံတဲတိုက်အတွက် သောက်သုံးရေဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့်သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၂၇၂၀၀)ဂါလံ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော် ဆောင်ဦးဝင်းမင်းထွန်းထံက သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment