မက်မန်းမြို့၌ ဒေသတွင်း ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့၌ ဒေသတွင်း ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ



MNP -  မေ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဒေသ အတွင်းကုန်ဈေးနှုန်းများ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မက်မန်းမြို့နယ် အတွင်း ကုန်ဈေးနှုန်းများ အဆမတန်တိုးလာသောကြောင့် စားသုံးကုန်ဈေးနှုန်းများ၊  စက်သုံးဆီများ၊ အိမ်ဆောက် ပစ္စည်းများ အစရှိသောဈေးနှုန်းတို့ကို သင့်တင့်သောဈေးနှုန်းများဖြင့် ကုန်ဈေးနှုန်းများ ထိန်းချုပ် နိုင်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ပြည်သူများ၏ နေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအတွင်း သင့်တင့်မျှတသောကုန်ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မက်မန်းမြို့နယ် စီမံအုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

သတင်း - ပန်းကျင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)