ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ





MNP - မေ   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ပညာဗိမ္မာန်ခန်းတွင် ကျင်းပသည်။    


ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နန်းအေးသီရိဦးက ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင် ၆၂ ဦးအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကျောင်း ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အလားတူ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို မေ ၁၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းခေမာရဌ်ခန်းမတွင် ကျင်းပရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊  ဒုတိယပါမောက္ခချုပ်  ဒေါက်တာမြမြအေးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာသာရပ်များအလိုက် ဌာနမှူးများက ဘာသာရပ် ဆိုင်ရာသိမှတ်ဖွယ်ရာများကို  မောင်မယ်သစ်လွင်များနှင့် သင်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၈ ဦးအား မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)