MNP - မေ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း တိုးတက်စေရေးတို့အတွက် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာရှိ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ကော့ခလိန်ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်ကာ သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ စိုက်ပျိုးထုတ်လုပ်ရေး တောင်သူများအား တွေ့ဆုံ၍ ယခုနှစ်မိုးရာသီတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိူးတိုးတက်ရေး စိုက်ပျိုးမြေများတွင် လပ်မြေများ မကျန်ရှိရလေအောင်၊ စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးရေးသီးနှံ အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ခေတ်မီ နည်းပညာများအသုံးချကာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမည့်တောင်သူဦးကြီးများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယနေ့တွေ့ဆုံရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ခင်သီတာထွန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment