မြင်းခြံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ




MNP - မေ   ၁၉


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်ကျေးရွာအနီးရှိ မြင်းခြံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးဟန်က ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပညာသင်ကြားမှုများနှင့်ပတ်သက်၍ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ ပါမောက္ခချုပ်ဆရာမကြီး ‌‌ဒေါက်တာမြင့်မြင့်ခိုင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ အေးအေးဟန်နှင့် တာဝန်ရှိသူများက မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကို လှည့်လည်နှုတ်ခွန်းဆက်ခဲ့ကြသည်။ မြင်းခြံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အတွက် မေလ ၁၂ ရက်နေ့မှ စတင်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)