Pages

Pages

မီးလောင်မှုဖြစ်ပွားခဲ့သည့် ကျင်းကြီးဒေါင့်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်



MNP ၊ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ကျင်းကြီးဒေါင့်ကျေးရွာရှိ မစိုးစိုး(ဘ)ဦးဘိုနီ နေအိမ်၌ ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ထမင်း ချက်ပြုတ်ရာမှ မီးကျွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် နေအိမ် ၅၅ လုံး၊ မီးလောင်ပျက်စီးခဲ့ပြီး အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သား များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အပျက်အစီးဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး မီးဘေးသင့်ပြည်သူများအား အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ ပြောင်းရွှေ့ထားရှိကာ ကုလားထိပ်ကျေးရွာကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment