သာကေတမြိုနယ်ရှိ သောက်သုံးရေအခက်အခဲရှိသော ပြည်သူများအား အခမဲ့ ရေပေးဝေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြိုနယ်ရှိ သောက်သုံးရေအခက်အခဲရှိသော ပြည်သူများအား အခမဲ့ ရေပေးဝေလှူဒါန်း






MNP - မေ   ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့် အမှတ်(၈)ရပ်ကွက် နဝရတ်အောက်(၁)လမ်းရှိ အိမ်ထောင်စု(၃၅)စု၊ မြနန္ဒာလမ်းကျယ်မှ အိမ်ထောင်စု(၁၅)စု၊ မြနန္ဒာ(၁)လမ်းမှ အိမ်ထောင်စု(၅၀)စု၊ မြနန္ဒာ(၂)လမ်းမှ အိမ်ထောင်စု(၇၀)စု၊ မြနန္ဒာ(၃)လမ်းမှ အိမ်ထောင်စု(၉၀)စု စုစုပေါင်းအိမ်ထောင်စု (၂၆၀)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧပြီ ၃၀ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ မြိုနယ်မီးသတ်တပ်ဖွဲ့မှ ရေဂါလန် ၃၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေဂါလန်(၁၀၈၀၀)၊ ၄/တောင်ရပ်ကွက်ရှိ မဟော်သဓာ လူမှုရေးကူညီမှုအသင်းမှ ရေဂါလန် ၂၄၀၀ ဆံ့ ရေသယ်ယဉ်ဖြင့် ရေဂါလန် ၄၈၀၀ စုစုပေါင်းရေသယ်ယာဉ် (၂)စီးဖြင့် ရေဂါလန်ပေါင်း ၁၅၆၀၀ ကို အိမ်အရောက် အခမဲ့ ရေဖြန့်ဝေလှူဒါန်း ပေးခဲ့သည်။

အဆိုပါရေဖြန့်ဝေလှူဒါန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးတိုမှ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

‌သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)