ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်၊ ရဟန္တာ ၅၁ ပါးနှင့် စည်တော်ကြီးဗိမာန်အသစ် တည်ဆောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်၊ ရဟန္တာ ၅၁ ပါးနှင့် စည်တော်ကြီးဗိမာန်အသစ် တည်ဆောက်



MNP - မေ   ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ ဘုရားရင်ပြင်တော်ပေါ်တွင် ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ် ရဟန္တာ ၅၁ ပါးနှင့် စည်တော်ကြီး ဗိမာန်တော်များ တည်ဆောက်လျက်ရှိကြောင်း စက္ကိန်းတဲ ဘဏ္ဍာထိန်းဂေါပကဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ စည်တော်ကြီးတည်ဆောက်ခြင်း ရည်ရွယ်ချက်ကတော့ အလှူရှင်မိသားစုများအနေနဲ့ အလှူဒါနပြုပြီးတိုင်း ရှိခိုးပူဇော်၍ အမျှအတမ်း ပေးဝေနိုင်စေရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ မြောက်ဘက်စောင်းတန်းတွင် ဒေသစာရီ မုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ရဟန္တာ ၅၁ ပါးမှာ ဘုရားလာရောက် ဖူးမြော်သူ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများအား ကြည်ညိုသဒ္ဒါ ပွားများနိုင်စေရန် ရည်ရွယ်၍ စည်တော်ကြီးဗိမာန်အတွက် ကျပ်သိန်း ၄၀၀၊ ဒေသစာရီ မုဒြာရုပ်ပွားတော်မြတ်နှင့် ရဟန္တာ ၅၁ ပါးတို့အတွက် ကျပ်သိန်း ၃၅၀ တို့ကို ခန့်မှန်းကုန်ကျငွေများဖြင့် လျာထား ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရှင်ပင်စက္ကိန်းတဲ ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။

မင်းဘူးမြို့ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးကို ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများမှာ အဖိတ်၊ ဥပုသ်နှင့် အခါကြီး ရက်ကြီးများ၊ ဝါတွင်းကာလများတွင် အများဆုံး လာရောက်ဖူးမြော်ကြပြီး ရွှေစက်တော် ဘုရားပွဲတော် ရာသီချိန်တွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၀၀၀ ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း စက္ကိန်းတဲဘုရား ဂေါပကထံမှ သိရသည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)