Pages

Pages

ဇီးကုန်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧကစပါး အစိုထွက် (၁၂၅.၅) တင်း ထွက်ရှိ



MNP - မေ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေကြို့ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၈၉)၊ ဦးပိုင်အမှတ် ၂၆ (ခ) တောင်သူ ဦးတင်ထွဋ်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။


နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှမိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါတောင်သူဦးတင်ထွဋ်၏ လယ်မြေနှစ်ဧကတွင် စိုက်ပျိုးထားသော မှော်ဘီ (၃) စပါးမျိုးအား ရိတ်သိမ်းရာတွင် တစ်ဧက စပါးအစိုထွက် (၁၂၅.၅) တင်းထွက်ရှိခဲ့၍ ထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ မြေဩဇာစနစ်တကျ သုံးစွဲနိုင်စေရေး၊ ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်ရေးနှင့် တစ်ဧကစပါးအထွက်နှုန်း တိုးတက်စေရေးတို့အတွက် စိုက်ပျိုးပညာပေးဝန်ထမ်းများက နည်းစနစ်များကို တောင်သူများအား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment