Pages

Pages

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံ တစ်သိန်းကိုးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်



MNP - မေ   ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော တာလမ်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး သောက်သုံးရေဂါလံ (၁၆၀၀)သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အိုင်းမတဲတိုက်သို့ ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေ လှူဒါန်းသည့် အိုင်းမတဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၁၉၂၀၀၀)ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment