နမ္မတူမြို့နယ်၌ အခြေခံပညာကျောင်အုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၌ အခြေခံပညာကျောင်အုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 



MNP - မေ   ၁၄


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကား ပြောကြားရာတွင် နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ် ဆရာ ဆရာမကြီးများ အားလုံး အတွေးအခေါ်များ ပိုမိုရင့်သန်လာပြီး ပေါင်းသင်းဆက်ဆံရေးများ ပိုမိုကောင်းမွန်လာကာ စီမံခန့်ခွဲ့မှု စွမ်းဆောင်ရည်မြင့်မားလာပြီး ကောင်းမွန်သောစီမံခန့်ခွဲမှု စွမ်းရည်များ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ (၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ သင်တန်းနည်းပြ ဆရာကြီး ဆရာမကြီး (၅)ဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ ဆရာဆရာမ (၇၈)ဦး တက်ရောက်သင်ယူဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)