မင်းပြားမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေပွဲ ကျင်းပ



MNP - မေ   ၁၄


ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းဖြင့် ဖြစ်ပွားတတ်သည့်   သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကားကွယ်နှိမ်နင်းနိုင်ရန် ပြည်သူလူထုသို့ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ  မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ   ဦးမျိုးစိုးမိုးက  အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်ထွန်းက သွေးလွန်တုတ်ကွေးရောဂါ၏ လက္ခဏများနှင့်    ခြင်ကျားမပေါက်ပွားရအောင်   သန့်ရှင်းရေး ဆောင်ရွက်ရန်အချက်များ၊  သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက်  ပြည်သူလူထုက   ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး   ခြင်မဖြစ်ပွားမီ    ခြင်လောက်လန်း ဘဝကပင် ကြိုတင်ကာကွယ် တားဆီရန်နှင့်  သွေးလွန်တုတ်ကွေးရောဂါအကြောင်းအား   ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး    သွေးလွန်တုတ်ကွေးရောဂါနှင့် ပတ်သက်၍  တက်ရောက်လာသူများက  ဆွေးနွေးမေးမြန်းကြရာ  မြို့နယ်ကျန်းမာရေးဦးစီးမှူးက   ပြန်လည်ဖြေကြားပြီး သွေးလွန်တုတ်ကွေးရောဂါ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သတင်း - သိန်းနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)