MNP ၊ မေ ၁၂
သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက သံတွဲမြို့နယ် သစ်တောကြိုးဝိုင်း အကွက်အမှတ် (၅၅) တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၁၂၅ ဧကတွင် မန်ဂျန်ရှား အပင်( ၁၀၀၀ )အား သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း ၆၀ ဦးခန့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှသိရ သည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost

No comments:
Post a Comment