Pages

Pages

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ သံတွဲ၌ ကျင်းပ


MNP ၊ မေ  ၁၂

သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက သံတွဲမြို့နယ် သစ်တောကြိုးဝိုင်း  အကွက်အမှတ် (၅၅) တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၁၂၅ ဧကတွင် မန်ဂျန်ရှား အပင်( ၁၀၀၀ )အား သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း ၆၀ ဦးခန့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှသိရ သည်။

သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment