MNP - မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းရှိ ကလေးငယ်များအား ကြည့်ရှု့စောင့်ရှောက်အားပေးကိုခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုဝန်ထမ်းဦးစီးဌာနမူကြိုကျောင်းရှိ ကလေးငယ်များအား ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားနေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်မင်းထွန်းမှ ကြည့်ရှုအားပေးခဲ့ပြီး မူကြိုကျောင်းရှိကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် အဟာရဖွံ့ဖြိုးစေရန် ရည်ရွယ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာဝင်းထံသို့ အာဟာရကျွေးမွေးရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း လူမှုဝန်ထမ်းမူကြိုကျောင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သတင်း - သီတာအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment