မအီမြို့တွင် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင်ခြင်းနှင့် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင်ခြင်းနှင့် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ







MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ အမှတ်(၄)ရပ်ကွက်၌ တည်ထားကိုးကွယ်သည့် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ထီးတော်တင်မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ ထီးတော်တင်ပူဇော်ခြင်းများကို ကဆုန်လဆန်း(၈)ရက်(၇-၅-၂၀၂၂)ရက်နေ့မှစတင်၍ ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်ကိုလည်းကောင်း၊ (၈-၅-၂၀၂၂)ရက်နေ့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၉-၅-၂၀၂၂)ရက်နေ့တွင် ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၀-၅-၂၀၂၂)ရက်နေ့တွင် မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ (၁၁-၅-၂၀၂၂)ရက်နေ့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း စဉ်ဆက်မပြတ် နေ့စဉ်ထီးတော်တင်ပူဇော်လာခဲ့ရာ ယနေ့ကဆုန်လဆန်း(၁၃)ရက်(၁၂-၅-၂၀၂၂)ရက်နေ့တွင် ဉာဏ်တော်(၆၃)ပေအမြင့်ရှိ ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော်ကို ဆဌမနေ့အနေဖြင့် အနေကဇာတင်ပူဇော်ခြင်းနှင့် ထီးတော်တင်မင်္ဂလာအခမ်းအနားကို ပူဇော်ကျင်းပခြင်းဖြစ်ကြောင်း၊ ထီးတော်တင်ပူဇော်ပွဲနေ့တိုင်းတွင် မြောက်ဦးအထူးတရားပွဲများကို ညနေ ၇ နာရီအချိန်တွင် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းရှိ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။ ဤသို့ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်းတို့ကို " မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ " facebook page နှင့် နီးစပ်ရာမြို့နယ်များတွင်လည်း ဗီနိုင်းကြော်ငြာများစိုက်ထူ၍ ဓမ္မမိတ်ဆွေအသီးသီးသို့ အသိပေးဖိတ်ခေါ်ထားပြီးဖြစ်ပါကြောင်း၊ ထီးတော်တင်ပူဇော်ခြင်းမပြုမီ ဆရာတော်သံဃာတော်များက ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော်ကိုခြံရံလျက် မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ထီးတော်တင်မင်္ဂလာကိုစတင်ခဲ့ခြင်းဖြစ်ပြီး ရွှေမိုးငွေမိုးများရွာသွန်း၍ အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းမှသိရသည်။


အဆိုပါ ထီးတော်တင်မင်္ဂလာအခမ်းအနားသို့  မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက်ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင်ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာရောက်ရှိခဲ့ကြပြီး မနက်ဖြန် ကဆုန်လဆန်း(၁၄)ရက်၊ (၁၃-၅-၂၀၂၂)ရက်နေ့တွင် မအီချောင်းစက်တော်ရာသွားလမ်း၌တည်ရှိသည့် ဥရုဝေလအသွေးတော်ဓာတ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနားကို ဆက်လက်ပူဇော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ညနေ(၇)နာရီအချိန်တွင် မအီမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာကျောင်းရှိ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် မြောက်ဦးဆရာတော်ဘုရားကြီးမှ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)