ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်



MNP - မေ   ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်များ ဆောင်ရွက်နိုင်ရန် ပစ္စည်းကိရိယာများဖြင့် စနစ်ကျသည့်ကြိုတင်ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မီးသတ်ဦးစီးမှူရုံး၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်‌အောင်နှင့် တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာ၌ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြုံတွေ့ရမည့်အခြေအနေများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး အသုံးပြုရမည့် ပစ္စည်းကိရိယာများဖြင့် မိမိတို့တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ကြိုတင်လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။


သတင်း - ဝင်းအိမွန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)