ပြည်မြို့နယ်တွင် ကျောင်းအုပ်ကြီးများအား စီမံခန်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် ကျောင်းအုပ်ကြီးများအား စီမံခန်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - မေ    ၅

ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်ခရိုင်၊ ပြည်မြို့နယ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့ အ.ထ.က(၁) သုံးတပ်ဆောင်သီရိရတနာခန်းမ၌ ယနေ့နံနက် ၈နာရီခွဲ အချိန်က ကျင်းပပြုလုပ် သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်မြို့နယ် ပညာရေးမှူး ဆရာမကြီး နော်အေးမေက စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နည်းပြဆရာ၊ ဆရာမ(၅)ဦးက ဦးဆောင်၍ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကြီးကြပ်အကဲဖြတ်၊ စာရင်းအင်း မူဝါဒပညာရပ်များကို ဦးဆောင်သင်ကြားပို့ချ ဆွေးနွေး သွားမှာဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီး စုစုပေါင်း (၁၈၄)ဦး တက်ရောက်ကြပြီး (မေလ၅ရက်နေ့မှ မေလ၆ရက်နေ့ထိ) ၂ရက် ကြာမြင့်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)