တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ မိုဘိုင်းဖုန်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းများနှင့် ရေနံစိမ်းများ သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ မိုဘိုင်းဖုန်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းများနှင့် ရေနံစိမ်းများ သိမ်းဆည်းရမိ

 


MNP ၊ မေ ၁၂

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ၇ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မံစီမှ ဗန်းမော်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်တွင် တရားမဝင် သယ်ဆောင်လာ‌သော ကျွန်းခွဲသားဆိုဒ်စုံ သုည ဒသမ ၉၅၂၈တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅၈၄၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့ပြင် မေ ၉ ရက်တွင် ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်‌သော စစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ မတူပီမြို့နယ်အတွင်း တရားမဝင် အရက်နှင့်ဘီယာများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ချင်းဝိသေသ တိုင်းအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့အတူ မေ ၁၀ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အချိုမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၈၇၅၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက် ရှိသည်။


ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့နှင့် တော်ဝင်စစ်‌ဆေးရေးတံတား တာဝန်ကျ အကောက်ခွန်အဖွဲ့တို့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် ရွှေဝက်ဝံတံတား အနီး၌ တရားဝင် စာရွက်စာတမ်း အ‌ထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ငါးဖမ်းကြိုးခွေများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၄၆၇၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ မြန်မာ-တရုတ် နယ်စပ် နန်းတော် လူဝင်/လူထွက် စစ်‌ဆေး‌ရေးဂိတ်မှ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက် ခွန်မဲ့မိုဘိုင်းဖုန်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


၎င်းအပြင် မေ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းပါကေး (အကြမ်းတုံး) ၂ ဒသမ ၅၄၃၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၆၃၀၈၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က တမူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား ၅ ဒသမ ၆၈၈၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၀၆၄၆၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် ရေနံစိမ်းပီပါ လုံး ၁၇၀ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၀၆၀၀၀၀၀) ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၀၆၄၆၀ ကို သိမ်းဆည်း အရေးယူ ဆောင်ရွက်လျက် ရှိသည်။


သို့ဖြစ်ပါ၍ မေ ၇ ရက်၊ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၁၃၄၆၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)