MNP ၊ မေ ၅
ပေါင်မြို့နယ်တွင် မေလ (၇)ရက်နေ့တွင်ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရန် ကြိုတင်ပြင်ဆင်မှုများကို ယနေ့မွန်လွဲပိုင်းက စတင်ပြီး ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့်စာမေးပွဲခန်းပြင်ဆင်ရေးနှင့်နေရာချထားရေး လုပ်ငန်းကော်မတီ များဖြစ်ကြသည့် စည်ပင်၊ပညာရေး၊လမ်းဦးစီး၊ကျေးလက်ဦးစီးဌာန၊လဝက၊မီးသတ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးများစေတနာရှင်များကစုပေါင်း၍ ဘုရားပန်းများကပ်လှူခြင်း၊ကော်ဇောများခင်းခြင်း၊သံဃာတော်များ စားမေးပွဲဖြေဆိုရန်စားပွဲများခင်းကျင်းခြင်း၊ ဆွမ်းစားရန် စားပွဲများပြင်ဆင်ခြင်း၊ စားမေးပွဲမဖြေခင်နားနေခန်းများပြုပြင်ခြင်း၊အိမ်သာများ၊သောက်ရေသုံးရေများသန့်ရှင်းသန့်ရပ်မှုရှိစေရန် ပြင်ဆင်ခြင်း၊လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အဆင်သင့်ထားရှိရေး လိုအပ်သည်များလိုလေသေးမရှိအောင်ဆောင်ရွက်ထားရှိရေး စသည့်လိုအပ်ချက်များကို အားကြိုးမာန်တက် ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost





No comments:
Post a Comment