ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း တွင် ဌာနဆိုင်ရာများမှ ဘာသာရပ်များပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားရေးသင်တန်း တွင် ဌာနဆိုင်ရာများမှ ဘာသာရပ်များပို့ချ



 



MNP - မေ   ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ စွမ်းရည်မြင့်မားရေးသင်တန်း (၁/၂၀၂၂) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က ပြန်ကြားရေးဝန်ကြီဌာန၏ ရည်မှန်းချက်တာဝန်များ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းများ၊ သတင်းထုတ်ပြန်ခြင်းနှင့် သတင်းရေးသားနည်းဘာသာရပ်များ၊ စာကြည့်တိုက်ဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့သည်။


အဆိုပါ သင်တန်းကို မေလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဟုမ္မလင်းမြို့၊ ဌာနဆိုင်ရာ (၂၃) ဌာနမှ မိမိဌာနနှင့်သက်ဆိုင်သည့် ဘာသာရပ်များသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသား/သူ (၇၀) ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


သတင်း - လင်းလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)