သီပေါမြို့၌ ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးတောင်သူများအား အသိပညာပေခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့၌ ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးတောင်သူများအား အသိပညာပေခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်

 




MNP - မေ   ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက နားခဲကျေးရွာ၊ ကျင်သီကျေးရွာနှင့် မြို့ဟောင်းကျေးရွာတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံနိုင်မည်ဖြစ်ကြောင်း၊ နေကြာအား သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါ စိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန်အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံဖြစ်ကြောင်း၊ စိုက်ပျိုးနည်း စနစ်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နေကြာမျိုးစေ့များကို  တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)