ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် (၇၆)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး‌၌ သွေးလှူဒါန်းခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် (၇၆)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး‌၌ သွေးလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

 







MNP ၊ မေ   ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက်(၉)နာရီချိန်က (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ကြကြောင်းသိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦး‌‌ကျော်သူ‌ဇော်နှင့်အဖွဲ့ဝင်တို့က သွေးအလှူရှင်(၃၀)ဦးတို့အားလိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။      

 အဆိုပါစုပေါင်း‌သွေးလှူဒါန်းပွဲတွင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်ရဲမေများ စုစုပေါင်းလူဦးရေ (၃၀)ဦးတို့က  ပြည်သူ့ဆေးရုံကြီးရှိလူနာများအတွက်စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်‌‌ကြောင်းနှင့်၎င်း‌သွေးအလှူရှင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကွေကာအုပ်(၁၀)ထုတ်၊ ဓါတ်ဆား(၅)ထုတ်၊ခေါက်ဆွဲခြောက်(၅)ထုတ်၊ SPEEDအချိုရည်(၃)ပုလင်းစီအား အာဟာရပြည့်စေရေးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

   

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)