ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်းကြီး ဦးစိုင်းလိတ် မိုင်းဖြတ်မြို့နယ်ရှိ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်းကြီး ဦးစိုင်းလိတ် မိုင်းဖြတ်မြို့နယ်ရှိ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

 




MNP - မေ  ၂၄


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့သည် မေလ ၂၄ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဆိုင်လေကျေးရွာအနီးရှိ အစမ်းကျင်း (Drilling) တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လျှပ်စစ်စွမ်းအင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဆိုင်းလေကျေးရွာအနီး (၂.၇)မိုင်ခန့်အကွာတွင် Access Resources Asia Co, Ltd မှ ဆောင်ရွက်လျက်ရှိသည့် သတ္ထုစမ်းသပ်လုပ်ကွက်အား ကြည်ရှုစစ်ဆေးခဲ့ရာ Access Resources Asia Co, Ltd မှ သတ္တုစမ်းသပ်တူးဖော်ရေးတာဝန်ခံ   Mr. Martin နှင့် တာဝန်ရှိသူ များက လုပ်ငန်းစမ်းသပ်တူးဖော် မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့က သတ္တုစမ်းသပ်တူးဖော်နေသည့် လုပ်ငန်းခွင်အတွင်း  လေ့လာကြည့်ရှုခဲ့ကြသည်။


ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ ဈေးတန်း(ကွက်သစ်)ရှိ Access Resources Asia Co, Ltd ရုံး၌ လုပ်ငန်းရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သတ္တုစမ်းသပ်တူးဖော်ရေး တာဝန်ခံနှင့် တာဝန်ရှိသူများက သတ္တုရှာဖွေ၊ စမ်းသပ်၊ ဖြစ်မြောက်၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ မိမိတို့လုပ်ငန်းများ စမ်းသပ်ရှာဖွေရာတွင် ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှုမရှိစေရေး၊  ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)