၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - မေ   ၁၉


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီထုတ်ပေးနိုင်ရေး ၊ ၂၀၂၀ မိုးသီးနှံချေးငွေနှင့် ၂၀၂၁ မိုးသီးနှံချေးငွေကြွေးကျန်များ အပြေအကြေပေးသွင်းခြင်းမရှိသေးသည့် တောင်သူများကို တွေ့ဆုံတောင်းခံသွားရန်နှင့် ချေးငွေပြန်လည်ကောက်ခံရရှိရေးအတွက် ဝန်ထမ်းများကို အပိုင်းအလိုက်ဖွဲ့စည်းပြီး တိတိကျကျတာဝန် ခွဲပေးရန်မှာကြားခဲ့ပြီး ချေးငွေ အပြေအကြေပေးသွင်းပြီးသည့် တောင်သူများကို အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးမှာကြားခဲ့သည်။


ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ) မန်နေဂျာဒေါ်ဌေးဝင်းက ၂၀၂၀ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေနှင့် ၂၀၂၁ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အပြေအကြေပေးသွင်းပြီးသည့် တောင်သူများကို ၂၀၂၂ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ထုတ်ချေးပေး မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ) မှ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် စပါး (၁) ဧကလျှင် (၁၅၀၀၀၀)နှုန်း၊ အခြားသီးနှံ (၁) ဧကလျှင် (၁၀၀၀၀၀) နှုန်းဖြင့် (၂၄-၅-၂၀၂၂) ရက်နေ့မှစတင်၍ ထန်းတောကျေးရွာရှိ တောင်သူ(၄၆)ဦးတို့အား ငွေကျပ်သိန်း(၅၀၀)ထုတ်ချေးပေးသွားမည်ဖြစ်သည်။


မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ပထမအရစ်အနေဖြင့် ငွေကျပ်သိန်း (၁၅၀၀၀) ထုတ်ချေးပေးရန် လျာထားကြောင်းသိရပြီး တောင်သူများ၏ ချေးငွေပြန်လည်ပေးသွင်းမှုအပေါ်မူတည်၍ စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)