MNP ၊ မေ ၁ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချောင်းဝရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲအများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရုံးဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နမောတသ(၃)ကြမ် ရွတ်ဆို၍အခမ်းအနားကိုဖွင့်လှစ်ခြင်း၊ ရောက်ရှိလာသည့်ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်မြတ်နှင့် ကမ္မဝါစာဖတ် ကြားချီးမြှင့်ခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရုံးဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment