MNP - မေ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့၌ မြို့တွင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ နှင့်ဒေသခံပြည်သူများ စုပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုံပါကျင် ရှေ့တန်းဗျူဟာတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မြို့တွင်းသန့်ရှင်းသာယာစေရေးအတွက် ပြည်ထောင်စုလမ်းတစ်လျှောက် ပေါင်းမြက်ရှင်းလင်းခြင်း၊ အမှိုက်လှည်းခြင်း၊ စည်ပင်အမှိုက်သယ်ကားဖြင့် အမှိုက်များသယ်ယူစွန့်ပစ်ခြင်းနှင့်လမ်းမပေါ်တွင် မီးငြှိမ်းသတ်ယာဉ်ဖြင့် ရေဆေးခြင်းဖြင့် ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား နယ်မြေခံတပ်မှဗိုလ်ကြီးများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြီးကြပ်ခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment