MNP ၊ မေ ၁၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ကျောင်းတိုက်၊ သထုံမြို့ရှိ ပဉ္စဂီရိချမ်းမြေ့စည်သီလရှင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ တုလွှတ်အောင်မြေ ကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ မေတ္တာအေးကျေးရွာရှိ သုခမေတ္တာကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မဟာမြိုင်ကျောင်းတိုက် တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သာသနာ့ဗိမာန်တော်စာဖြေဌာနရှိ အစိုးရဓမ္မာစရိယစာမေးပွဲ ကြီးကြပ် ဆရာတော်များ၊ စာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် များအားလည်းကောင်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့အများက လိုအပ် သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment