Pages

Pages

ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ သမိုင်းဝင်ကျောက်တစ်လုံး ဘုရားသို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်







MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့  သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကျောက် ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ကျောက်တစ်လုံးဘုရားသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင် သည့် ပူးပေါင်းအဖွဲ့သည် သမိုင်းဝင်ကျောက်တစ်လုံးတန်ခိုးကြီးဘုရားသို့ သွား‌ရောက်ကာ အဆိုပါ ဘုရားသို့ ဘုရားဖူးရန်လာရောက်ကြသည့် မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျော်နိုင်စေရေး ဘုရားရင်ပြင်ပေါ်ရှိအမှိုက်များအား တံမြက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားကျောက် ဆောင်ပေါ်တွင်ပေါက်‌ရောက်နေသည့် ရေညှိပင်များနှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ရှင်းလင်းခြင်းများကို စုပေါင်းဆောင် ရွက်ခဲ့ကြသည်။ အလားတူ အဆိုပါပူးပေါင်းအဖွဲ့သည်  မြို့အဝင်စစ်ဆေးရေးဂိတ်နေရာမှ စတင်ပြီး IDP Camp ရှေ့အထိသွားရောက်၍ လမ်းဘေးဝဲ/ယာတစ်လျှောက် ပေါက်ရောက်နေသည့် ခြုံနွယ် ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြည်သူများစွန့်ပစ်ထားရှိသည့်အမှိုက်များကို အမှိုက်အိတ် များထဲသို့ထည့်ကာသတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ စသည့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment