MNP - မေ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မြောင်းရိုးကြီးကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ကျေးရွာ၌ ယမန်နေ့ညနေ ၃ နာရီခွဲက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်(၂) လုံးအမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်ဆိပ်ကျေးရွာနေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်မှ (၉)ပေ သွပ် (၂၉)ချပ်၊ ဒိုင်းမျှား လေးနှစ် (၁၅)ပေ (၁၈) ချောင်း၊ သုံးတစ်ခွဲ (၁၈)ပေ (၉) ချောင်းတို့ ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment