Pages

Pages

သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အစီအစဉ်ပြောင်းလဲသင့်ကြောင်း သတင်းသမားများ သုံးသပ်ပြောဆို


MNP ၊ မေ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အစီအစဉ်ကို ပုံစံပြောင်းလဲကျင်းပသင့်ကြောင်း သတင်းသမားများက သုံးသပ်ပြောဆိုလျက်ရှိသည်။

ပုံမှန်ကျင်းပမြဲဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲများတွင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်တပ်ရပ်ရှင်းလင်းပြောဆိုပြီး သတင်းသမားများ၏ မေးမြန်းမှုကိုလည်း ၃နာရီဝန်းကျင် မတ်တပ်ရပ်ဖြေဆိုပေးရသည် ဖြစ်ရာ မသင့်တော်ကြောင်း သုံးသပ်ပြောဆိုသည်။

သတင်းသမားတစ်ဦးက "ကျွန်တော်တို့က သူပြောတာကိုထိုင်နားထောင်နေပြီး မေးခါနီးမှခဏလေး ထမေးရတာ။ ဗိုလ်ချုပ်က၂နာရီကျော် ၃နာရီကြာ မေးခွန်းများရင် များသလောက် တောက်လျောက် မတ်တပ်ရပ်ရတာ မလွယ်ဘူးဗျ။ အခမ်းအနားစီစဉ်တဲ့သူတွေ အနေနဲ့အစီအစဉ်လေး ပြောင်းသင့်တယ်။ ရှင်းလင်းပြောဆိုတဲ့အခါမှာ ထိုင်ပြောလို့ရအောင်စီစဉ်ပေးမယ် ဆိုရင် အဆင်ပြေတယ်ဗျာ။ ဖြေတဲ့အခါလည်း မေးခွန်းမေးတဲ့ အခိုက်ထိုင်နေလို့ ရမယ်။ ဖြေတော့မှ ထဖြေချင်လည်း ဖြေ၊ ထိုင်ဖြေလည်း အဆင်ပြေတာပါပဲ။" ဟု သုံးသပ်ပြောဆိုသည်။

၁၄ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုများကို ဖြေကြားပြီး၍ ဗိုလ်ချုပ်ကထိုင်မည်အပြုတွင် သတင်းသမားများဝိုင်းလာပြီး မေးခွန်းများ ထပ်မံမေးမြန်းခြင်းကြောင့် ဗိုလ်ချုပ်က ခဏတဖြုတ် အနားပေးဖို့ ပြောဆိုခဲ့ကြောင်း သတင်းသမားတစ်ဦးက "သတင်းသမားတွေကလည်း နားလည်မှု ရှိဖို့ကောင်းတယ်။ မေးသမျှ ဖြေပြီးလို့ ထိုင်နားမယ်ဆိုတဲ့ အချိန် မေးဖို့ထပ်ရောက်လာသေးတယ်။ ဗိုလ်ချုပ်က ခဏတဖြုတ် အနားပေးကြပါအုံးဗျာ။ ကျွန်တော်ရပ်တဲ့နေရာမှာ ခင်ဗျားတို့ဘာမှ မဖြေဘဲ မတ်တပ်လေးပဲရပ်နေပေးကြည့်။ ဇာတ်ကျောတွေလည်းတက်၊ ခြေသလုံးတွေလည်း ကြွက်တက်နေပြီလို့တောင် ပြောယူရတယ်။" ဟု ပြန်လည် ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲများကို တစ်လလျှင် နှစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း ၁၄ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဒုဝန်ကြီးက အသိပေး ပြောကြားထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment