MNP ၊ မေ ၁၁
ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဘာသာပေါင်းစုံသုဿန်အနီး ကန့်ဘလူ-သဖန်းဆိပ်သွားကားလမ်းပေါ်၌ လုံခြုံရေး ဆောင်ရွက်နေစဉ် တရားမဝင် ရေနံစိမ်း သယ်ဆောင်လာသော ကားနှစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွနေစဉ် ကျော်ထွန်းဝင်း စပယ်နံ့သာ ကျေးရွာ၊ ကန့်ဘလူမြို့နယ်နေသူမောင်းနှင်ပြီး မြတ်ဇော်ဟိန်း ဆည်တော်ကျေးရွာ၊ မတ္တရာမြိုနယ်နေသူလိုက်ပါလာသော NISSAN DIESEL (ဖြူရောင်) ၁၂ ဘီး ယာဉ်ပေါ်တွင် ရေနံစိမ်းပေပါ ၉၀ လုံး၊ အောင်ထက်ကိုကို(ခ)ကိုထက် ပျဉ်းမမြိုင်ရပ်ကွက်၊ ကျွန်းလှမြို့နယ်နေသူ မောင်းနှင်ပြီး ဟိန်းဆန်းထွန်း ပျဉ်းမမြိုင်ရပ်ကွက်၊ ကျွန်းလှမြို့နယ်နေသူလိုက်ပါလာသော NISSAN DIESEL (ပြာရောင်) ၁၂ ဘီးယာဉ်ပေါ်တွင် ရေနံစိမ်းပေပါ ၈၀ လုံး၊ စုစုပေါင်း တရားခံ ၄ ဦး အား မော်တော်ယာဉ် ၂ စီး၊ ရေနံစိမ်းပေပါ ၁၇၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment