စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆံပင်၊ မိတ်ကပ် အလှပြုပြင်နည်း သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆံပင်၊ မိတ်ကပ် အလှပြုပြင်နည်း သင်တန်းဖွင့်



MNP - မေ   ၂၃


စစ်ကိုင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆံပင်၊ မိတ်ကပ် အလှပြုပြင်နည်း သင်တန်းဖွင့်ပွဲကို မေ(၂၃)ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


သင်တန်းဖွင့်ပြွတွင် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ သင်တန်းသားများအနေဖြင့် နိုင်ငံတော်စရိတ်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်တဲ့အတွက် သင်တန်းကပို့ချပေးသည့် ပညာရပ်တွေကို စိတ်ဝင်စားစွာသင်ယူသွားကြစေလိုကြောင်း၊ မိမိဒေသ၊ မိမိဝန်းကျင်တွင် မိသားစုအပိုဝင်ငွေရရှိအောင် လုပ်ကိုင်ဆောင်ရွက်သွားကြပါ တန်ဖိုးထားကြပါလို့ ပြောကြားလိုကြောင်း၊ သင်တန်းတွင် သက်မှတ်ထားတဲ့ စည်းကမ်းများကိုလည်း လိုက်နာသွားကြပါ သင်တန်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပညာရပ်များကို နှီးနှောဖလှယ်သွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်း သား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြကာ သင်တန်းဖွင့်ပွဲသို့ သက်ဆိုင်ရာမိတ်ဖတ်ဌာနများမှ အကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)