ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံမှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံမှာကြား


 

MNP ၊ မေ ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ Language Lab ခန်းများ၊ Computer စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းသားကျောင်းသူများအတွက် ချက်ပြုတ်နေမှုများ၊ စာကြည့်တိုက်၊ ကျောင်းတွင်းသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ အားကစား ကွင်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့် အခြေအနေတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်သည်။


ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ၏ တစ်နေ့တာ အချိန်ဇယားများ ညှိနှိုင်းရေး၊ ကျောင်းသား ကျောင်းသူများအား အိပ်ဆောင်နေရာချထားရေး၊ ကျောင်းသား ကျောင်းသူများ ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေးအတွက် အာဟာရပြည့်ဝအောင် ချက်ပြုတ်ကျွေးမွေးရေး၊ သင်ကြားရေး အဆင့်မြှင့်တင်ရန်အတွက် အင်္ဂလိပ်စာ Language Lab စာသင်ခန်းများ တိုးချဲ့ရေး၊ ဘာသာရပ်အလိုက် လက်တွေ့ခန်းသုံးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်တင်းရေး၊ ကောလိပ်စာကြည့်တိုက်ကို e-Library အဖြစ် အဆင့်မြှင့်တင်ရေး တို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI အတန်းစုံမှ ကျောင်းသားကျောင်းသူ များအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ကျောင်းသား ကျောင်းသူ တစ်ဦးချင်းအနေဖြင့် စာပေဘာသာရပ် များအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် သင်ကြားရေး နှင့် လေ့ကျင့်ရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ အားကစားပစ္စည်းများ အဆင့်မီစွာ ပြင်ဆင်ထားရှိသည့် အလျောက် သင်တန်းသားများ၏ သစ္စာအဓိဋ္ဌာန်လေးချက်၊ ကျန်းမာရေးဆောင်ပုဒ်တို့နှင့်အညီ စနစ်တကျ လေ့ကျင့် ဆောင်ရွက်သွားကြရန်၊ ဆရာ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကျောင်းမှ သင်ကြားလေ့ကျင့်မွေးထုတ်လိုက်သော ကျောင်းသား ကျောင်းသူများသည် ပညာရပ်ပိုင်းတွင် သာမက စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက်နှင့် အားကစားကဏ္ဍများတွင်ပါ ဘက်စုံထူးချွန် ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်လာစေရန် ဦးတည်ချက် ထားရှိ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)