မြေပုံမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေပုံမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့ ဆက်လက်ဖြေဆို







MNP ၊ မေ ၁၂

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာ ရီအချိန်က ကံသာထွက်ဝရပ်ကွက် ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စာစစ်ဌာနတွင် ဆဋ္ဌမနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိ သာသနာအကျိုးကိုသယ်ပိုး ထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေး ပွဲဖြေဆိုရာ၌ ၊ ပထမလတ်တန်း၌ ရဟန်း/သာမဏေ(၁၉)ပါးနှင့်သီလရှင်(၁)ပါးတို့က ဘာသာပြန်ဘာသာ အားလည်းကောင်း ၊ ပထမကြီးတန်းတွင် ရဟန်း/သာမဏေ (၆)ပါးနှင့်သီလရှင်(၁)ပါးတို့က ပန်းကုသလတိတ် ဘာသာတို့ကို ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များ နှင့် စာမေးပွဲကြီးကြပ်ရေး ဆရာ တော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ ၊ သာသနာရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများကသွားရောက်၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)