Pages

Pages

ပေါက်တောမြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်‌ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်



MNP ၊  မေ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အထက်တန်း၊ အလယ်တန်း၊မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေး‌နွေးပွဲကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယနေ့ နံနက်(၁၀)နာရီကပြုလုပ်သည်။

အဆိုပါအခမ်းအနား၌ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း မှအဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်က အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုဆွေးနွေးမှာကြားကြသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ် ဆရာ/ဆရာမကြီးစုစုပေါင်း (၁၇၀)ဦးတက်ရောက်ကြပြီး၊ ဆွေးနွေးပွဲကာလမှာ မေလ (၂၉)ရက်နေ့နှင့်  (၃၀)ရက် (၂)ရက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment