သရက်မြို့၌ အလယ်တန်း/ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ အလယ်တန်း/ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်



MNP - မေ   ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမ၌ လူငယ်၊ လူရွယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် နွေရာသီ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံအင်္ဂလိပ်စာ Grammar and Essay သင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက သင်တန်းဖွင့်လှစ်ပို့ချပေး ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာကြီး ဦးအောင်ကျော်စိုးက သင်တန်းတွင် သင်ကြားမည့် အခန်းကဏ္ဍများ၊ အချိန်ဇယားနှင့် သင်တန်းချိန် စည်းကမ်းများကို ရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊  ကျောင်းသူ (၃၈) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၃) ဦးက အခြေခံအင်္ဂလိပ်စာသဒ္ဒါနှင့် စာစီစာကုံး ရေးသားနည်းများကို (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)