Pages

Pages

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မျိုးစေ့ထုတ်တောင်သူများအားအတွက် တောင်သူပညာပေးသင်တန်းဖွင့်လှစ်

 




MNP - မေ  ၂၉


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်နေသည့် တောင်သူများအား တောင်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ‌နေ့ နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက တောင်သူပညာပေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ရှင်းလင်းပြီးနောက် မျိုးစေ့အဆင့်ဆင့်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ မြေဩဇာနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။


အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စု(၉)အုပ်စုမှ မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်နေသည့် တောင်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment