Pages

Pages

ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ချောင်းမကြီးကျေးရွာအုပ်စုရှိ လူနေအိမ်နှင့် အဆောက်အဦများ အမိုးလန်ပျက်စီး





MNP - မေ   ၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စုတွင် ယမန်နေ့ညနေ ၆ နာရီခန့်က လေပြင်းများတိုက်ခတ်ပြီး လူနေအိမ်အဆောက်အဦ အိမ်ခြေ(၁၀၇) ခန့်အမိုလန်ခြင်း၊ လူနေအိမ်ပေါ် သစ်ပင်လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး  ဆိပ်ဖြူ-ချောင်းမကြီး-ဒေါသာ-အရှေ့ကံတွင်း ကျေးရွာချင်းဆက် လမ်းပေါ် သစ်ပင်များလဲကျလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြို့နယ်သဘာဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မေလ ၁ ရက်နေ့ နံနက် ၇ နာရီက ဆိပ်ဖြူ-ချောင်းမကြီး-ဒေါသာ-အရှေ့ကံတွင်း ကျေးရွာချင်းဆက် လမ်းပေါ်တွင် ထနောင်းဧယပင်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ချောင်းမကြီးကျေးရွာအုပ်စု ချောင်းမကြီး အရှေ့ရွာ၌ လေဘေးသင့်အိမ်ထောင်စု (၃၅)စု လူဦးရေ (၁၃၄)ဦး ၊ ချောင်းမကြီးအနောက်ရွာ၌ လေဘေးသင့်အိမ်ထောင်စု (၂၂)စု လူဦးရေ (၁၀၀)ဦး ၊ မယ်ဇလီကွေ့ကျေးရွာ၌ လေဘေးသင့်အိမ်ထောင်စု (၂၈)စု လူဦးရေ (၈၇)ဦးနှင့် တူရွှင်းမျော၌ လေဘေးသင့်အိမ်ထောင်စု (၂၂)စု လူဦးရေ (၇၆)ဦး  စုစုပေါင်းအိမ်ခြေ (၁၀၇) ၊ လူဦးရေ (၃၇၉) ဦးရှိကြောင်း၊ ချောင်းမကြီးကျေးရွာမှ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ မယ်ဇလီကွေ့ကျေးရွာမှ သာသနိက အဆောက်အဦ (၃)ခု၊ အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။

သတင်း - စိုးလင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment