ပေါင်မြို့နယ်၌ မြို့နယ်အဆင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ မြို့နယ်အဆင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ








MNP ၊ မေ  ၁၉

မွန်ပြည်နယ်  ပေါင်မြို့နယ်၌  မြို့နယ်အဆင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကိုယနေ့နံနက်ပိုင်းက‌ ရွှေရတုခန်းမ၌ကျင်းပ ခဲ့သည်။


အခမ်းအနားတွင်မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းအေးက ယခုဖွင့်လှစ်သည့် အလုပ်ရုံ‌ဆွေးနွေးပွဲသည်  အထက်တန်း၊ အလယ်တန်း ၊မူလတန်းကျောင်းအုပ်များကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  ဆွေးနွေးပွဲတွင် ဆရာကြီး၊ ဆရာမကြီးတို့က ပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါကြောင်း၊ နည်းပြများ၏သင်ကြားဆွေးနွေးမှုကိုဂရုစိုက် လေ့လာမှတ်သားကြဖို့လိုအပ်ပါကြောင်း မိမိကျောင်းတွင်လည်း ယခုဆွေးနွေးမှုများအတိုင်း လိုက်နာတတ်ကြဖို့ လိုအပ်ပါကြောင်း၊ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း စာသင်နိုင်ပြီး ပညာတတ်‌မြောက်‌ အောင်စည်းရုံးကြဖို့အမှာစကားပြောကြားသည်။


ထို့နောက် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊သင်ကြားရေးဆိုင်ရာ ကြီးကြပ်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှုစစ်ဆေးခြင်း  စသည့်များကိုထက်၊လယ်၊မူ ကျောင်းအုပ်ကြီး (၁၃၇)ဦးအား နည်းပြ(၄)ဦးဖြင့် မေလ (၂၀)ရက်နေ့အထိ သင်ကြား ဆွေးနွေးသွားမည်  ဖြစ်ကြောင်းသိရသည်။


တစ်ဆက်တည်းမှာဘဲ  ကျောင်းအပ်နှံရေးဆိုင်ဘုတ်အား မြို့နယ်ပညာရေးမှုးနှင့်ကျောင်းအုပ်ကြီးများစိုက်ထူးကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)