Pages

Pages

ငပလီမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ







MNP ၊ မေ ၂၉

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း  အနားကို ယနေ့ နေ့လယ်  ၂ နာရီကအထက  (ငပလီ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

     

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦး က  ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်နှင့် အညီ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားသည်။၎င်းနောက်    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  ၊ တိုင်းစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကျော်ကျော်သန်းက ပြီးခဲ့သည့်နှစ် အတွင်း စာသင်နှစ်ကုန်ဆုံးသည်အထိကြိုးစား၍သင်ကြားပေးကြသော ဆရာ၊ဆရာမများအား နိုင်ငံတော်အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊  အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး လိုအပ် ချက်များရှိကအချိန်မီအသိပေးရန်၊ကျောင်းသားလူငယ်များ အမှား အမှန်ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်သည့်အလေ့အကျင့်များ မွေးမြူပေးရန်ဆွေးနွေး မှာကြားခဲ့ပါသည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ သံတွဲမြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၉၇ ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာမေလ ၂၉ ရက် မှ  ၃၀ရက်နေ့ ထိ   (၂) ရက်ကြာ နေ့စဉ်နံနက် ၉ နာရီမှညနေ ၄ နာရီထိ စီမံဘဏ္ဍာကဏ္ဍ၊ ပညာရပ်ကဏ္ဍနှင့် စီမံကိန်းကဏ္ဍ ဆိုင်ရာကဏ္ဍများအောက်ရှိ လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။

သတင်း - စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment