ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ် သင်တန်း(၁/၂၀၂၂)ဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ် သင်တန်း(၁/၂၀၂၂)ဆင်းပွဲကျင်းပ

 


MNP - မေ   ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့ သားစပ်သင်တန်း(၁/၂၀၂၂)ဆင်းပွဲကို မေ ၂၀ ရက်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ကောင်းမြတ်ဟိန်းက သင်တန်းမှပို့ချခဲ့သည့် နွားမေထုန်မဲ့ သားစပ်နည်း ဘာသာရပ်များကို လုပ်ငန်းခွင်တွင် လက်တွေ့ ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်အသုံးချရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းသို့ ကျိုင်းတုံခရိုင်အတွင်းမှ သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး မေလ ၁၆ ရက်မှ ၂၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)