Pages

Pages

ဟိုင်းကြီးကျွန်းမြို့တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

 




MNP - မေ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် မြို့အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ မြကျွန်းသာဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် လာမည့်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအားလုံး ရာနှုန်းပြည့် ပညာသင်ကြားနိုင်စေရေးအတွက် ပညာရေးဌာနနှင့် သက်ဆိုင်ရာအဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဌာနအနေဖြင့် အသက်(၁၈)နှစ်အထက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် လူဦးရေစာရင်း မှန်ကန်စေရန်အတွက် လူဦးရေစာရင်း ရေးသွင်းမှုများအား ကြပ်မတ်ဆောင်ရွက်ကြရန်၊ စားရေရိက္ခာ ပေါများစေရေးအတွက် စပါးအထွက်နှုန်းတိုးအောင် ဆောင်ရွက်ကြရန်နှင့် စပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် သေချာဂရုပြု ဆောင်ရွက်ကြရန် စသော အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့အဆင့်ဌာနဆိုင်ရာများမှ တင်ပြစရာရှိသည်များကို တင်ပြဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - လှိုင်မျိုးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment