Pages

Pages

ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် (၁၅)ရက်ကြာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 


MNP - မေ   ၁

လူငယ် မောင်မယ်များ ဗုဒ္ဓဘာသာ၏ အဆုံးအမကို သိရှိလိုက်နာပြီး လိမ္မာယဉ်ကျေးမှုရှိစေရန် အတွက် (၁၅)ရက်ကြာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊အထောင်မြို့၌ ယမန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 အဆိုပါသင်တန်းကို အထောင်မြို့၊ အမှတ်(၁)ရပ်ကွက် မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဦးရေဝတမှ ဦး‌ဆောင်ကာသင်တန်း ဆရာ၊ ဆရာမ (၆) ဦးတို့က (၃၀.၄.၂၀၂၂) ရက် နေ့မှ (၁၄.၅.၂၀၂၂) ရက်နေ့ထိ (၁၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

သင်တန်းဖွင့်ပွဲသို့ အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး၊ သင်တန်းသို့ အထောင်မြို့ရှိ ရပ်ကွက်(၄)ခုနှင့် အနီးဝန်းကျင် ကျေးရွာတို့မှ စိတ်ပါဝင်စားသည့် ကလေးငယ် (၉၆)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment