Pages

Pages

ရခိုင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူ





MNP ၊  မေလ ၁၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  အသိပေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက  စစ်တွေမြို့ ဦးဥတ္တမပန်းခြံအရှေ့ မျက်နှာစာတွင် စုပေါင်းစိုက်ထူ ပေးကြကြောင်းသိရသည်။

အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ပြီး စုပေါင်းစိုက်ထူခဲ့ကြသည်။ အလားတူ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် စိုက်ထူခဲ့ကြကြောင်းသိရသည်။

၂၀၂၂ -၂၀၂၃ ပညာသင်ခုနှစ်အတွင်း  တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၂၀၂၂ ခုနှစ် မေလ(၂၆) ရက် နေ့မှ ဇွန်လ(၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်သတ်မှတ်၍ ကျောင်းအပ် နှံခြင်းအား လက်ခံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - တင်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment