ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်



MNP - မေ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်၊ ဟင်္သာရုပ်အဝိုင်းအနီး အ.ထ.က(၅)ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။


အဆိုပါမြေစိုက်ပိုစတာတွင် ၂၀၂၂ ခုနှစ်၊ မေလ (၂၆)ရက်မှ ဇွန်လ (၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပါသည်။ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီကျောင်းအပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်ဟု မြို့နယ်အတွင်း အသိပေးကြေငြာထားပြီး မြေစိုက်ပိုစတာတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟု ပါရှိကြောင်း သိရသည်။


အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများက မြေစိုက်ပိုစတာအား တက်ရောက်ဖဲကြိုးဆွဲ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)