Pages

Pages

ကျိုက်ထိုမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်







MNP ၊ မေ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ ပူး ပေါင်းကာ မေ( ၂၁)ရက်နံနက် ပိုင်းက ကျိုက်ထိုမြို့‌ တောင်သူစုရပ်ကွက်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တောင်ခြေ လမ်းများတစ် လျှောက်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဗိုလ်မှူးပြည်ထွန်းနှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ရပ်ရွာအတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်း‌မွန်စေရေးတို့အတွက်  ရေမြောင်းထဲရှိ အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ် ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းတစ် လျှောက် ခြုံနွယ်များရှင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၁၅၀) ဦးခန့်ဖြင့် တပျော် တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါမြို့ရွာသန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်/ကျေးရွာအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment