မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ခုနှစ် စိုက်ပျိုးရာသီ မိုးနေကြာ မျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ခုနှစ် စိုက်ပျိုးရာသီ မိုးနေကြာ မျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

 





MNP - မေ   ၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအတွင်း ဆီထွက် သီးနှံနေကြာများ အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီ ဖူလုံစေရေးတို့အတွက် မိုးနေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ နေကြာမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းလှမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် နေကြာသီးနှံစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဝယ်ယူသည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာ မျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မင်းလှမြို့နယ်တွင် မိုးနေကြာ စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများထံသို့ နေကြာမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ် ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်း ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်                                                                                                                      

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)